Sunday, September 23, 2018


(Ghost Hunters - Myanmar) အဖွဲ့သည် မြန်မာနိုင်ငံ ရှိ ပထမဆုံးသော ပရလောက လေ့လာရေးအဖွဲ့ဖြစ်သည်။
=='''GHMM'''အဖွဲ့တည်ထောင်ခဲ့သူများ==
'''GHMM''' အဖွဲ့ကို စတင်တည်ထောင်ပြီး အခုလက်ရှိအချိန်အထိ ပါဝင်လှုပ်ရှားနေတဲ့သူတွေကတော့
# '''ကိုရဲဝေယံအောင်'''
# '''ကိုမော်စီ'''
# '''ကိုစည်သူ'''
# '''ကိုဇေယျာမြင့်မြတ်'''
# '''ကိုကောင်းထက်စိုး''' တို့ပဲ ဖြစ်ပါတယ်။
စတင်ဖွဲ့စည်းချိန်မှာ လူဦးရေ (၂၀)ခန့်နဲ့ ဖွဲ့စည်းခဲ့ပေမယ့် တချို့မှာ အကြောင်းအမျိုးမျိုးကြောင့် အဖွဲ့မှ ထွက်ခွာသွားပြီး ယခုအချိန်မာ ဤ (၅) ယောက်ထဲဖြင့် ဆက်လက်လေ့လာမှုတွေပြုလုပ်ခဲ့ပါတယ်။
'''Ghost Hunters Myanmar''' (GHMM) အဖွဲ့ဟာ 2015 ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ မြန်မာနိုင်ငံရဲ့ ပထမဆုံး ပရလောကနဲ့ ထူးခြားဖြစ်စဉ်တွေကို လေ့လာမှုပြုလုပ်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဝါသနာတူ လူငယ်တွေစုပြီး ဖွဲ့စည်းတည်ထောင်ခဲ့တဲ့ ဒီအဖွဲ့ဟာ မြန်မာနိုင်ငံမှာရှိတဲ့ ပရိတ်သတ်ရဲ့ ထောက်ခံချက်များစွာကို ရရှိခဲ့ပါတယ်။
===လေ့လာမှုမှတ်တမ်းများ===
Ghost Hunters Myanmar ကို စတင်တည်ထောင်ပြီးတဲ့နောက်မှာ ပရလောကသားတွေ ခြောက်လှန့်တယ်ဆိုတဲ့ [[မန္တလေးတိုင်း]] [[ပြင်ဦးလွင်မြို့]] မှာရှိတဲ့ '''နန်းမြိုင် ဟိုတယ်''' အခန်းနံပတ် 101 မှာ လေ့လာမှုတွေပြုလုပ်ခဲ့ပါတယ်။ ထို့အပြင် [[ဧရာဝတီတိုင်း]] ဘက်မှာလည်း '''ခေါင်းပြတ်သရဲ''' လေ့လာမှုတွေကို ပြုလုပ်ပြီး လူသိများခဲ့ပါတယ်။ ထို့နောက် [[နေပြည်တော်]] '''တပ်ကုန်းမြို့https://www.facebook.com/ghosthuntermyanmar/}}
Official Blogspot - {{URL|https://ghosthunters-mm.blogspot.com/}}
'''Instagran''' - {{URL|https://www.instagram.com/ghosthuntersmyanmar/}}
Google + - {{URL|https://plus.google.com/105784056499922579733}}
'''Twitter''' - {{URL|https://twitter.com/ghosthunter_mm}}
တို့မှာ ဝင်ရောက်လေ့လာနိုင်ပါတယ်။
နယ်''' မှာရှိတဲ့ ဆေးရုံအဟောင်းကြီးမှာလည်း ပရလောကကိုလေ့လာမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ ထို့အပြင် [[မြင်းခြံမြို့]] နဲ့ [[ရန်ကုန်မြို့]]တွင်းမှာလည်း လေ့လာမှုပေါင်းများစွာ ပြုလုပ်ခဲ့ပြီး [[Facebook]] ပေါ်မှာ လူသိများလာခဲ့ပါတယ်။ '''GHMM''' အဖွဲ့ရဲ့ Official [[Facebook]] Page -{{URL|
[[မြန်မာတိုင်း(မ်)]] ဂျာနယ် Interview ကို
{{URL|https://www.mmtimes.com/lifestyle/26333-who-you-gonna-call-ghost-hunters.html}}
[[ဒီမိုကရက်တစ် မြန်မာ့အသံ]] '''DVB''' ရဲ့ Interview ကို {{URL|http://tv.dvb.no/videos/တေစၦ-ဖမ္းသူမ်ား}}
တို့မှာ ကြည့်ရှုနိုင်ပါတယ်။ တခြား '''Media''' ပေါင်းများစွာရဲ့ စိတ်ဝင်စားခြင်းခံရပြီး interview များစွာကို ပြုလုပ်ခဲ့ပါတယ်။
==='''GHMM ရဲ့ရည်ရွယ်ချက်'''===
သရဲ/တစ္ဆေ အစရှိတဲ့ သဘာဝလွန်ဖြစ်ရပ်တွေက
လူအများကြားမှာ (လက်ခံသူ/လက်မခံသူ) ကွဲပြားနေပါတယ်။
၎င်းတို့အနေနဲ့ သဘာဝလွန်ဖြစ်ရပ်တွေကို
အလွန်စိတ်ဝင်စားတာကြောင့် သရဲခြောက်တယ်ဆိုတဲ့
နေရာတွေသွားပြီး တစ်ကယ်သရဲ ရှိ/မရှိ တိကျတဲ့
အဖြေတစ်ခုရအောင်ရှာဖွေ ချပြချင်လို့ လေ့လာနေကြတာပါ။
ပရလောကရှိတယ် သရဲ/တစ္ဆေခြောက်လှန့်တယ်
ဆိုတာဟာ မိမိစိတ်ခြောက်ခြားတာကြောင့် ထင်ယောင်ထင်မှားတွေ
ဖြစ်တာလား ? ဒါမှမဟုတ် ပရလောကဟာ သိပ္ပံပညာနဲ့
အဖြေရှာမရနိုင်အောင် တစ်ကယ်ရှိတဲ့ ကမ္ဘာတစ်ခုလားဆိုတာ
သိချင်လို့ စူးစမ်းလေ့လာမှု ပြုလုပ်ကြတာပါ။
ကျွန်တော်တို့ သိရှိတာလေးတွေကိုလည်း ကျွန်တော်တို့ကဲ့သို့
ဝါသနာတူတဲ့ လူတွေဆီကို ပြန်လည် မျှဝေပေးချင်တာကြောင့်လည်း
ဒီ [[Facebook]] Page လေးကို တည်ထောင်ခဲ့ခြင်း ဖြစ်ပါတယ်။
တခြားသော နိုင်ငံတွေမှာလည်း [[Ghost Hunter]] အဖွဲ့စည်း
တွေဟာ ဟိုးအရင်ထဲက ရှိခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ အနေနဲ့ လည်း ဝါသနာပါတာကို လေ့လာရင်း
[[မြန်မာနိုင်ငံ]]က သဘာဝလွန် ဖြစ်ရပ်တွေကို မှတ်တမ်း
တစ်ခုယူနိုင်အောင် ကြိုးစားပြီး နိုင်ငံတကာက
'''Ghost Hunters''' အဖွဲ့တွေလို ကမ္ဘာသိအောင် ပြသချင်တာပါ။
'''Ghost Hunters''' ဆိုတဲ့ အသုံးနှုန်းကို သုံးထားပေမယ့် ကျွန်တော်တို့ အဖွဲ့က သရဲတွေ လိုက်ဖမ်းနေတဲ့ မုဆိုးတွေ မဟုတ်ပါဘူး။
ရည်ရွယ်ချက်က ပရလောကတစ်ကယ် ရှိ/မရှိ လေ့လာမှု
ပြုလုပ်တာလောက်ပဲ ရှိပါတယ်။ နိုင်ငံခြားက [[Ghost Hunter]]
အဖွဲ့တွေလိုပါပဲ။ သူတို့လည်း သရဲမဖမ်းကြပါဘူး။
လေ့လာယုံပဲ လေ့လာကြတာပါ။
[[Ghost Hunters Myanmar]] က နိုင်ငံခြားက [[Ghost Hunters]] တွေနဲ့ မတူပဲ ကွဲပြားနေတာလေးတွေ လုပ်ထားပါတယ်။
အဲ့ဒါတွေကတော့ -
*1 ဝါသနာရှင် Member တွေနဲ့ '''GHMM''' အဖွဲ့ အတူတူ
သရဲခေါ်တဲ့ Game ကစားနည်းတွေ ကစားတာမျိုး၊
*2 အောက်လမ်းဆရာတွေဆီ သွားရောက်ပြီး လေ့လာတာမျိုး၊
*3 Target မရှိသေးတဲ့အချိန်တွေ (သို့) Target သွားရောက်
မလေ့လာဖြစ်သေးတဲ့ အချိန်မျိုးတွေမှာ Page ထဲကလူတွေ
မငြီးငွေ့အောင် ဖြစ်ရပ်မှန်သရဲဇာတ်လမ်း အတိုလေးတွေ
သိရအောင် တင်ဆက်ပေးထားမှာမျိုး အစရှိတဲ့ စိတ်ဝင်စားစရာများကို တင်ဆက်သွားမှာဖြစ်ပါတယ်။

0 comments:

Post a Comment

Thank You.